My First Investment Portfolio for 2020 (Dividend 2030 Portfolio) By Sivasathish In Uncategorized
My First Investment Portfolio for 2020
(Dividend 2030 Portfolio)
By Sivasathish In Uncategorized
May 14, 2020 10:45 am
၂၀၂၀ ခုနှစ်တွင် ကျွန်တော့်ရဲ့ My First Investment Portfolio ကို တင်ပြပေးပါရစေ…..
“Dividend 2030 Portfolio” လို့ နာမည်ပေးထားပါတယ်။
ရှေ့မဆက်ခင်မှာ ကြိုတင်ရှင်းပြထားချင်တာကတော့…
“ကျွန်တော်က ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ ကျွမ်းကျင်သူ Expert တစ်ယောက်တော့မဟုတ်ပါဘူး ၊
အခုလိုတင်ပြရခြင်းမှာ အသိပညာတိုးပွားစေရေးအတွက် ရည်ရွယ်၍ Knowledge Sharing လုပ်ပေးခြင်းသာဖြစ်ပြီး ၊ ဝယ်ရန် ရောင်းရန် (သို့မဟုတ်) လက်ဝယ်ကိုင်ထားရန်အတွက် ထောက်ခံချက်ပေးထားခြင်းမဟုတ်ပါ။ ရင်းနှီးမြှုပ်နံှသူတစ်ဦးချင်းစီတိုင်းမှာ မတူညီတဲ့ ပန်းတိုင်များ ၊ တန်ဖိုးများ နှင့် စွန့်စားမှုများ ရှိပါလိမ့်မယ်။ ဒါကြောင့် ဘယ်သူမဆို ဒီအကြံဉာဏ်ကို အားကိုးတဲ့အခါ သတိပြုသင့်ပါတယ်။
ကျွန်တော်အနေနဲ့လည်း ကျွန်တော့်ရဲ့ Portfolio အစီအစဉ်မှာ တန်ဖိုး ၅၀ ရာခိုင်နှုန်းကျဆင်းသွားလည်း လက်ခံနိုင်ပါတယ်။”
Dividend 2030 Portfolio
ဒါကတော့ ကျွန်တော်အနေနဲ့ ၂၀၂၀ ၊ မတ်လမှာ စတင်ခဲ့တဲ့အစုရှယ်ယာအသစ်ဖြစ်ပါတယ်။
မလေးရှားရဲ့ စတော့ရှယ်ယာဈေးကွက်မှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ် (Bursa Malaysia လို့လည်း လူသိများပါတယ်)။ Portfolio မှာ ၂၀၃၀ ခုနှစ်အထိအချိန်ကြာမြင့်မှာဖြစ်ပြီး ၊ ၎င်းနောက် ကျွန်တော်အနေနဲ့ ဘာဆက်လုပ်ရမလဲဆိုတာကို ဆုံးဖြတ်သွားမှာပါ။
ဒီ Portfolio မှာ ကျွန်တော်ရဲ့ အဓိကရည်မှန်းချက်ကတော့ အမြတ်အစွှန်းများကို တသမတ်တည်း စုဆောင်းခြင်းကို ရည်ရွယ်၍ အရည်အသွေးကောင်းတဲ့ ရှယ်ယာများကို လက်ဝယ်ကိုင်ဆောင်ထားတာပဲ ဖြစ်ပါတယ်။
အမြတ်အစွှန်းများမှာ Listed Companies များမှ ရရှိထားတဲ့ ငွေပမာဏများဖြစ်ပြီး ၊ ဝင်ငွေကောင်းတဲ့ အရင်းအမြစ်တစ်ခု (Source of Passive Income) ပဲ ဖြစ်ပါတယ်။
ကျွန်တော်အနေနဲ့ အမြတ်အစွှန်းရရှိဖို့အတွက် အဓိကအားဖြင့် ရည်ရွယ်ထားခြင်းမရှိပါ။ ၁၀ နှစ် ရင်းနှီးမြှပ်နှံပြီးတဲ့နောက် မည်သည့်အရင်းအနှီးမျှ မဆုံးရှုံးခဲ့ရင် ကျေနပ်လှပါပြီ။
I am super conservative…
ကျွန်တော်က အလွန်ရှေးရိုးဆန်တဲ့ ရင်းနှီးမြှပ်နှံသူတစ်ဦးဖြစ်တယ်လို့ပြောရင် မှန်ကန်ပါတယ်။ အရင်းအနှီးကို
ဆုံးရှုံးရမယ်ဆိုတဲ့ စိတ်ကူးကို မကြိုက်ပါဘူး။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ အကြိုက်ဆုံးရင်းနှီးမြှပ်နှံမှု ပုံစံတွေကတော့ Fixed Deposits ၊ Fixed Price Units Trust Funds (eg. Amanah saham) နှင့် EPF တို့ပဲ ဖြစ်ပါတယ်။
ထိုကဲ့သို့ ရင်းနှီးမြှပ်နှံပုံစံများက Return ရရှိမှုနည်းသော်လည်း စိုးရိမ်ပူပန်မှုကင်းစွာနဲ့ ညဘက်မှာ
ကောင်းကောင်းအိပ်ပျော်နိုင်ပါတယ်။
ဒီလိုစိတ်အေးချမ်းမှုရရှိစေတာဟာ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်နှစ်ခုဖြစ်တဲ့ Lecturer နှင့် Consultant အလုပ်တွေမှာ အာရုံစူးစိုက်မှု ရရှိစေပါတယ်။ (Focusing on Active Earning ဖြစ်စေပါတယ်)
ကျွန်တော်အနေနဲ့ ရှယ်ယာဈေးနှုန်းကို နေ့စဉ်စောင့်ကြည့်ခြင်းနှင့် ထိုသို့စောင့်ကြည့်တဲ့အတွက် ကျွန်တော့်ရဲ့ လုပ်ငန်းအပေါ်အကျိုးသက်ရောက်စေခြင်းကို ကိုယ်တိုင်ကိုယ်ကျမနှစ်သက်ပါ။ ကျွန်တော့်အတွက် ရင်းနှီးမြှုပ်နှံမှုက အတော် Passive ဖြစ်သင့်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဈေးကွက်ကို နေ့စဉ်စောင့်ကြည့်ရန်မလိုပါ ၊ သုံးလတစ်ကြိမ် စောင့်ကြည့် လေ့လာခြင်းအားဖြင့် လုံလောက်ပါတယ်။ ဒါပေမယ့် ဒီ blog ရဲ့ ရည်ရွယ်ချက်အတိုင်း ကျွန်တော်က Portfolio အပေါ်မှာ လစဉ် Update ပြုလုပ်ပါမယ်။
မကြာသေးမီက အတိုးနှုန်းလျှော့ချရန်အတွက် ဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက်က ကျွန်တော့်ရဲ့ နှစ်စဉ် ၄% ရရှိနေတဲ့ အတိုးနှုန်းကို ထိခိုက်ခဲ့ပါတယ်။ ၎င်းအတိုင်းနှုန်းများကို ၃%အောက်သို့လျှော့ချပြီး ၊ လာမယ့်လအနည်းငယ်အ တွင်း အတိုးနှုန်းထပ်လျှော့နိုင်ခြေရှိပါတယ်။
ဒါကြောင့်မို့ ယခုအချိန်မှာ ကျွန်တော်အနေနဲ့ စွန့်စားမှုအနည်းငယ်ယူရန် အသင့်ဖြစ်နေပါပြီ။ ဒါကြောင့် ၂၀၂၀ ပြည့်နှစ်ကနေ ကျွန်တော့်ရဲ့စုဆောင်းငွေအချို့နှင့် ကျွန်တော့်ရဲ့ Active Earning အချို့ကို Bursa Malaysia ရှိ အရည်အသွေးကောင်းတဲ့ ဒဏ်ခံနိုင်တဲ့ စတော့များကို ရင်းနှီးမြှုပ်နံှရန် ဆုံးဖြတ်ခဲ့ပါတယ်။
ကျွန်တော်ရင်းနှီးမြှုပ်နှံထားတဲ့ ဒီငွေများကို ရေတိုတွင်မလိုအပ်တော့ပါ ၊ ဒါ့ကြောင့် ရှယ်ယာဈေးနှုန်းများ
(ဒါမှမဟုတ် ကျွန်တော့်ရဲ့ရင်းနှီးငွေ) တွင် မည်သည့်ယာယီကျဆင်းမှုကိုမဆို လက်ခံနိုင်ပါတယ်။
My Investing Strategy…
ကျွန်တော့်အနေနဲ့ ဒီ Portfolio ကို အမြန်ကြီးထွားရန် မျှော်လင့်မထားပါ ၊ ကျွန်တော်က လိပ်ကဲ့သို့ ရင်းနှီးမြှုပ်နံှသူတစ်ဦးပါ။ ကျွန်တော့်အတွက် နှေးကွေးပြီး တည်ငြိမ်တဲ့ ချဉ်းကပ်မှုက အလုပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ၁၀ နှစ်စာအချိန်ပေးထားခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် ကျွန်တော်က Unit Trusts နှင့် Robo Advisors လိုမျိုး တခြား instruments တို့တွင်လည်း ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးနေပြီး ၊ ဒီအပေါ်အခြေခံ၍ ကျွန်တော့်ရဲ့ 2nd Portfolio နှင့် 3rd Portfolio ကို ဖန်တီးမှာ ဖြစ်ပါတယ်။
၁၀ နှစ်တာကာလအတွင်း အောက်ဖော်ပြပါ Strategy နှစ်ခုကို အသုံးပြု၍ ကျွန်တော့်ရဲ့ အစုရှယ်ယာအစုစုကို တိုးတက်ရန်မျှော်လင့်ပါတယ် …
• လာမယ့် ၁၀ နှစ်အတွင်း ကျွန်တော့်ရဲ့ ပုံမှန်ဝင်ငွေမှ အရင်းအနှီးကို ပိုမိုထည့်ဝင်ခြင်း
• လာမယ့် ၁၀ နှစ်အတွက် ရရှိထားတဲ့ အမြတ်အစွှန်းများကို ပြန်လည်ရင်းနှီးမြှုပ်နှံခြင်း
ဒါကတော့ ပြန်လည်ပေါင်းစပ်ခြင်းဆိုတဲ့ အင်အားကို အသုံးချဖို့အတွက် ဖြစ်ပါတယ်။
(ရှင်းရှင်းလင်းလင်းပြောရရင် ကုန်သွယ်ရေးမျက်နှာပြင် (Trading Screen) ကို မိနစ်တိုင်းမှာ စွဲကပ်စေမှာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့အလုပ်အကိုင် နဲ့ စီးပွါးရေးမှာအာရုံစိုက်ဖို့လိုပါတယ်။ ကျွန်တော့်မှာ တက်ကြွစွာပါဝင်ထမ်းဆောင်နေတဲ့ တာဝန်ဝတ္တရားတွေ နဲ့ ဝါသနာတချို့လည်း ရှိနေပါတယ်။)
အတိုချုံးပြောရရင် ကျွန်တော်ဟာ ရင်းနှီးမြှုပ်နှံသူတစ်ဦးပါ ၊ ကုန်သည် (သို့မဟုတ်) အလောင်းကစားသမား တစ်ဦးမဟုတ်ပါဘူး။
My Investing Goals and Benchmark …
တကယ်လို့ ဒီငွေတွေကို ရင်းနှီးမှုမလုပ်ဘူးဆိုရင် ဒါတွေကို Fixed Deposit အနေနဲ့ထားမယ်ဆိုရင် ၂.၅% မှ ၃% အထိသာ အတိုးရမှာပါ။
ဒါ့ကြောင့်မို့ ကျွန်တော့်အနေနဲ့ Risk ကိုထည့်သွင်းစဉ်းစားမယ်ဆိုရင် နှစ်စဉ်အမြတ်အစွှန်း စုစုပေါင်းရဲ့ ၅% ဟာ ကျွန်တော့်ရဲ့ အခြေခံစံနှုန်းဖြစ်ပါတယ်။ အရိုးရှင်းဆုံးပြောရမယ်ဆိုရင် Dividend yield က သင့်ရဲ့ Saving Account (သို့မဟုတ်) Fixed Deposit Account ရှိ အတိုးနှုန်းအတိုင်း ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ အစောပိုင်းရေးသားချက်များတွင် ဖော်ပြခဲ့တဲ့အတိုင်း ကျွန်တော်ပြုလုပ်မယ့် ရောင်းဝယ်မှုများ ၊ အရံှုးအမြတ်များ နှင့်အတူ ကျွန်တော်ရင်းနှီးထားတဲ့ ရှယ်ယာများနှင့်ပတ်သက်တဲ့ အသေးစိတ်အချက်အ လက်အားလုံးကို ပွင့်လင်းမြင်သာစွာဖြင့် မျှဝေပေးပါမယ်။
ဒါကြောင့် လာမယ့် ၁၀ နှစ်မှာ ကျွန်တော်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုခရီးကို လွတ်လပ်စွာလျှောက်လှမ်းပါ။
ပျော်ရွှင်ဖွယ်ကောင်းတဲ့ အခိုက်အတန့်လေးများ ရှိတော့မယ်ဆိုတာ သေချာပါတယ်။
Analysis of my portfolio …
လောလောဆယ်အားဖြင့် စုစုပေါင်း Portfolio ရဲ့ ကုန်ကျစရိတ်မှာ RM 91,194 ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ၊ မေလ (၁၃) ရက်နေ့မှာ ကျွန်တော့်ရဲ့ အစုရှယ်ယာဈေးကွက်တန်ဖိုးမှာ RM 95,230 ဖြစ်ပါတယ်။ ဒါ့ကြောင့် မသိလိုက်ခင်မှာတင် ရင်းနှီးမြှုပ်နှံမှု အမြတ်အစွှန်းမှာ RM 4,036 ရှိပါတယ်။
ကျေးဇူးပြုပြီး ဒီအချက်ကို အရမ်းအာရုံမစိုက်ပါနဲ့ ၊ ဘာ့ကြောင့်လဲဆိုတော့ ဈေးနှုန်းများ နေ့စဉ်ပြောင်းလဲနေပြီး ၊ စီးပွါးရေးကျဆင်းမှုကြောင့် လာမယ့် ၁၈ လမှ ၂၄ လအတွင်း အစုရှယ်ယာ ၄၀%အထိ ကျသွားလိမ့်မယ်လို့ ကျွန်တော်ကိုယ်တိုင်မျှော်လင့်ပါတယ်။
တစ်ချိန်တည်းမှာပဲ Maybank ၌ ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံများမှ မမျှော်လင့်ဘဲ အမြတ်ငွေ RM 585 ကိုလည်း ရရှိခဲ့ပါတယ်။ ဒါဟာအံ့အားသင့်စရာပါ။
ကျွန်တော့် Portfolio မှာ Maybank နှင့် Public Bank များရဲ့ အစုရှယ်ယာဈေးနှုန်း ကျဆင်းသွားသည်ကို သတိပြုပါ။
ဒါ့ကြောင့် စာဖတ်သူများကို အကြံပေးချင်တာက ကျွန်တော့်ရဲ့ Portfolio အတိုင်း မလိုက်နာရန်နှင့် သင့်ရဲ့ရင်းနှီးမြှုပ်နံှမှုတန်ဖိုးသည် ရေတိုမှ အလယ်အလတ်ကာလအတွင်း လျော့ကျနိုင်သည်ကို သတိပြုရပါမယ်။
တချိန်တည်းမှာပင် ကျေးဇူးပြု၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များမချမီ သုတေသနများစွာ ပြုလုပ်ပါ။
Stock Selection Methodology …
ကျွန်တော်အရိုးသားဆုံး ပြောပါရစေ..
ကျွန်တော့်အနေနဲ့ တသမတ်တည်းသော စတော့ရွေးချယ်ခြင်းနည်းစနစ်ကို မတီထွင်နိုင်သေးပါ။ ကျွန်တော်က အချိန်ကြာမြင့်စွာ စတော့ရှယ်ယာအပေါ်သုတေသနပြုလုပ်ခဲ့ပေမယ့် အကြီးဆုံးနောင်တကတော့ မှတ်စုများ (သို့မဟုတ်) ဂျာနယ်များမထားရှိခဲ့တဲ့အတွက်ပါ။ ယခု blog မှစတင်ပြီး ပြုလုပ်သွားပါမယ်။
ဒါပေမယ့် ဒီရှယ်ယာတွေကို ကျွန်တော်ဘယ်လိုရွေးချယ်ခဲ့တယ်ဆိုတာ တစေ့တစောင်းပြောပါရစေ။
ကျွန်တော်နားလည်တဲ့စီးပွါးရေးပုံစံ (Business Model) နှင့် ငွေသားကြွယ်ဝသော ၊ အကြွေးအနည်းဆုံးရှိပြီး အမြဲတမ်းဝင်ငွေ နှင့် အမြတ်အစွှန်းရှိသော ရှေးရိုးစွဲရှယ်ယာများကို ကျွန်တော်ပိုနှစ်သက်ပါတယ်။
ဒါ့အပြင် အမြတ်အစွှန်းရင်းနှီးမြှုပ်နှံသူအနေနဲ့ အမြတ်အစွှန်းကို တသမတ်တည်းခွဲဝေပေးမှု မူဝါဒရှိတဲ့ Company များကို ကျွန်တော်နှစ်သက်ပါတယ်။
၂၀၂၀ မတ်လတွင် ရှယ်ယာဈေးနှုန်းများ ရုတ်တရက်လျှော့ချလိုက်ခြင်းဟာ ကျွန်တော့်ရဲ့ စတော့ရှယ်ယာဈေးဝယ်ခြင်းလုပ်ငန်းကို အမြန်ဆုံးစတင်စေခဲ့ပါတယ်။
အဘယ့်ကြောင့်ဆိုသော် yields များဟာ ဆွဲဆောင်မှုရှိတဲ့အတွက် အချိန်ကြာမြင့်စွာ စောင့်ကြည့်လျှက်ရှိပြီး တချို့စတော့များကို ဝယ်ယူခဲ့ပါတယ်။
Company များက အထက်ပါအတိုင်း အမြတ်အစွှန်းကို တသမတ်တည်းခွဲဝေပေးမှု မူဝါဒရှိသော်လည်း စီးပွါးရေးကျဆင်းမှုကြောင့် အချို့သော Company များအနေနဲ့ နောင်လာမယ့် ၁၈ လမှ ၂၄ လအထိ သူတို့ရဲ့ အမြတ်အစွှန်းများကို လျှော့ချရန် ကျွန်တော်ကိုယ်တိုင် မျှော်လင့်မိပါတယ်။ ဒါ့ကြောင့် yields များဟာ မျှော်မှန်းထားသကဲ့သို့ မြင့်မားမည်မဟုတ်ပါ။
ကျွန်တော့်အနေနဲ့ ဘဏ်များနှင့် အာမခံကုမ္ပဏီများဖြစ်သော Public, Maybank နှင့် Takaful ၊ အစားအစာနှင့်အဖျော်ယမကာများဖြစ်သော Hup Seng နှင့် Cocoland ၊ စွမ်းအင်ကုမ္ပဏီများဖြစ်သော YTL Power နှင့် Malakoff ၊ အိမ်ခြံမြေရင်းနှီးမြှုပ်နှံယုံကြည်မှုဖြစ်သော IGB, KIP, Pavillion, Sunway အစရှိတာတွေကို ရွေးချယ်ထားပါတယ်။ ဒါ့အပြင် well established ဖြစ်ပြီးသား ထုတ်လုပ်မှုကုမ္ပဏီများဖြစ်တဲ့ Panasonic နှင့် Hong Leong အစရှိတဲ့ Industries များကိုလည်း သွားရောက်ခဲ့ပါတယ်။
Covid-19 အကြပ်အတည်းစတင်ဖြစ်ပွါးတဲ့နောက်မှာ Portfolio ကိုစတင်ခဲ့ရတဲ့အတွက် ခရီးသွားလုပ်ငန်းတွေကို မဝယ်ဖြစ်တော့ပါ။ Portfolio ကို ၂၀၁၉ မှာ စတင်ခဲ့ရင် ဝယ်ဖြစ်ခဲ့မှာပါ။
ဒီတော့ ဒီ Portfolio ကို ဖန်တီးခဲ့တဲ့အချိန်မှာ ကံနည်းနည်းလေးရှိသေးတယ်လို့ ပြောနိုင်ပါတယ်။
တစ်ချိန်တည်းမှာပင် ကျွန်တော့်ရဲ့ common sense နည်းခြင်းကြောင့် အစောပိုင်းက လက်အိတ်ကောင်တာ များဖြစ်တဲ့ Top Glove ၊ Kossan Industries နှင့် Hartalega တို့မှာ မဝယ်ယူထားခဲ့မိပါ။ ယခုအချိန်မှာ တန်ဖိုးများမြင့်မားနေပြီ ဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ Dividend ဖြစ်တာကြောင့် ဒါတွေကို မေ့ထားလိုက်ပါမယ်။
ရှေ့ဆက်သွားရမယ်ဆိုရင် ကျွန်တော့်ရဲ့ ဈေးဝယ်စာရင်းတွင် ကောင်းသောအရာ ၁၀ ခုခန့်ရှိပြီး ၊ နည်းနည်းလေးစွန့်စားနိုင်တဲ့ အမြတ်အစွှန်းများကျန်ရှိနေဆဲဖြစ်ပေမယ့် စတော့ဈေးကွက်တွင် မည်သည်ြ့ပဿနာရှိမလဲဆိုတာကို ကျွန်တော်စောင့်ကြည့်မှာဖြစ်ပြီး လျှော့ဈေးရရှိနိုင်ဖို့အတွက် ဖြစ်ပါတယ်။
နောင်ကာလမှာ ကျွန်တော့်ရဲ့ စတော့ရှယ်ယာဝယ်ယူခြင်းနဲ့ပတ်သက်ပြီး blog post များကို ပိုမိုဖန်တီးပေးပါမယ်။
ကျွန်တော့်ရဲ့ Portfolio ထဲမှ စတော့များကို အောက်ဖော်ပြပါအချက်တွေကလွဲပြီး ရောင်းမှာမဟုတ်ပါ။
• အခြေခံကျကျပြောင်းလဲမှုများ (ဥပမာ – ကုမ္ပဏီများအနေနဲ့ ပြန်လည်ထောင်ထူရန် အခွင့်အလမ်းမရှိဘဲ တသမတ်တည်းဆုံးရှုံးမှုများဖြစ်ခြင်း)
• နှစ်စဉ်အမြတ်အစွှန်းများကို မြောက်များစွာ လျှော့ချခြင်း
• ပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းများရှိသော်လည်း ရင်းနှီးငွေမရှိခြင်း
Conclusion …
သင့်အနေနဲ့ စတော့ရှယ်ယာဈေးကွက်မှာ ရင်းနှီးမြှုုပ်နှံရန်စိုးရိမ်နေပါက ကျွန်တော့်ရဲ့ တခြား Portfolio များကို မကြာမီစတင်ရန် ကျွန်တော့်အား စောင့်ဆိုင်းပါ။
ဒီ blog မှာ အမြန်ဆုံးတင်ပေးနိုင်အောင် လုပ်ဆောင်ပါ့မယ်။
Stock Investment ကို စိတ်ဝင်စားသူများအတွက် အကြံဉာဏ်ပေးပါရစေ..
သင့်အနေနဲ့ အရေးပေါ်ငွေရှိဖို့ နှင့် အလွန်မြင့်မားတဲ့ အတိုးနှုန်းများတဲ့ အကြွေးများကို ဆပ်ပြီး ၊ သင်ဆုံးရှုံးနိုင်သလောက် ရေတိုမှာမလိုအပ်တဲ့ ငွေကို ရင်းနှီးမြှုပ်နံှပါ။
ထပ်မံလေ့လာလိုသူများနှင့် မလေးရှားစတော့ရှယ်ယာရင်းနှီးမြှုပ်နှံမှုအပေါ် အမြင်များကို သိရှိလိုပါက အမှန်တကယ်ကိန်းဂဏန်းများကို မျှဝေထားတဲ့ အခြား blog နှစ်ခုကို ကျွန်တော့်အနေနဲ့အထူးအကြံပြုလိုပါတယ်။
အဲဒီ့ blog နှစ်ခုကတော့ …
• dividendmagic.com.my
• marcuskeong.com
ကျွန်တော် သူတို့ဆီက အများကြီးသင်ယူခဲ့ရပါတယ်။
စာဖတ်သူမိတ်ဆွေများကို ကျေးဇူးတင်ပါတယ်။