ACCA Professional ကနေ Academic ဘွဲ့ယူလို့ရတဲ့ Oxford Brookes University နဲ့ 𝗕𝗦𝗰 (𝗛𝗼𝗻𝘀) 𝗶𝗻 𝗔𝗽𝗽𝗹𝗶𝗲𝗱 𝗔𝗰𝗰𝗼𝘂𝗻𝘁𝗶𝗻𝗴 အကြောင်းကို ပြောပြပေးလိုက်ပါတယ်နော်
ACCA Professional ကနေ Academic ဘွဲ့ယူလို့ရတဲ့ Oxford Brookes University နဲ့ 𝗕𝗦𝗰 (𝗛𝗼𝗻𝘀) 𝗶𝗻 𝗔𝗽𝗽𝗹𝗶𝗲𝗱 𝗔𝗰𝗰𝗼𝘂𝗻𝘁𝗶𝗻𝗴 အကြောင်းကို ပြောပြပေးလိုက်ပါတယ်နော်!
Oxford Brookes University ကတော့ Top Universities UK မှာ Ranking (1 to 50) အထိပါတဲ့ UKအခြေစိုက်တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ 2022 ရဲ့ Europe University Rankings မှာတော့ 𝗔𝗰𝗰𝗼𝘂𝗻𝘁𝗶𝗻𝗴 𝗮𝗻𝗱 𝗙𝗶𝗻𝗮𝗻𝗰𝗲 ဘာသာရပ်တွင် Ranking 101 ရထားပါတယ်။
အဲ့လို Ranking တွေကောင်းတဲ့ Oxford Brookes University ကတော့လွန်ခဲ့တဲ့ (၁၉) နှစ်ကတည်းကနိုင်ငံပေါင်း ၁၀၀ ကျော်မှာရှိတဲ့ ACCA ကျောင်းသားပေါင်း (၃၀,၀၀၀)ကို BSc (Hons) Degree ရယူနိုင်တဲ့အခွင့်အလမ်းကိုအောင်မြင်စွာပံ့ပိုးပေးနိုင်ခဲ့ပါတယ်။
ACCAကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ Oxford Brookes University (OBU) ကနေ BSc ဘွဲ့ရယူဖို့ဆိုရင်တော့ စီးပွါးရေးလုပ်ငန်းတစ်ခုကိုခွဲခြမ်းစိတ်ဖြာပြီးသုတေသနပြုလုပ်ထားတဲ့စာတမ်းတစ်စောင်(Research and Analysis Project – RAP) ပြုလုပ်ရမှာဖြစ်ပါတယ်။ACCA ရဲ့ 𝗔𝗽𝗽𝗹𝗶𝗲𝗱 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 နဲ့ 𝗔𝗽𝗽𝗹𝗶𝗲𝗱 𝗦𝗸𝗶𝗹𝗹𝘀 Exam တွေကလေ့လာလို့ရလာတဲ့ knowledge တွေ၊ Professional Ethics Module ကရလာတဲ့ knowledge တွေကိုအခြေခံပြီး RAP ကိုပြုလုပ်ရတဲ့အတွက် ACCA ကျောင်းသူ၊ကျောင်းသားတွေအတွက်အားသာချက်ပါပဲ။ အဲ့အပြင် RAP program အောင်မြင်ရတဲ့အချက်တစ်ချက်ကလဲကျောင်းသားတွေအတွက် Flexibility အရမ်းကောင်းလို့ဖြစ်ပါတယ်။ Applied Skills level ပြီးရင်ပဲဖြစ်ဖြစ်၊ Strategic Professional Level ပြီးရင်ပဲဖြစ်ဖြစ်အချိန်မရွေးပြုလုပ်နိုင်ပါတယ်။ £445 ဝန်းကျင်ပဲပေးသွင်းရမှာဖြစ်ပြီးတစ်နှစ်ကို ၂ ကြိမ် RAP တင်နိုင်ပါတယ်။
# စက်တင်ဘာလမှာ Project အတွက် Register လုပ်ပြီး၊ နိုဝင်ဘာလလယ်လောက်မှာ Project အပြီးတင်ပေးရပါတယ်။ Degree ရဲ့ result ကတော့ March လလယ်လောက်မှာထွက်ပါတယ်။
# မတ်လမှာ Project အတွက် Register လုပ်ပြီး၊ May လလယ်လောက်မှာ Project အပြီးတင်ရပါတယ်။ Degree ရဲ့ result ကတော့ September လလယ်လောက်မှာထွက်ပါတယ်။
RAP မှာဘာတွေလုပ်ရလဲဆိုတာကအကြမ်းဖျင်းပြောပြပေးရရင်တော့
• စာလုံးရေ 7,500 ရှိတဲ့ Research Report (RR) ရေးရပါတယ်။ ရွေးချယ်စရာ topic တွေကတော့ အခု (20) ရှိပါတယ်။
• Research Report အတွက်တော့ Mentor တစ်ယောက်လိုပါတယ်။
• ဒုတိယတခုအနေနဲ့ကတော့စာလုံးရေ 2,000 ရှိတဲ့ Skills and Learning Statement ရေးပေးရပါတယ်။
အဲ့ဒါတွေအားလုံးနဲ့ပြည့်စုံပြီဆိုရင် Oxford Brookes RAP ပို့လို့ရပါပြီ။
ဒါပေမယ့်အရေးကြီးတဲ့ Rules လေးကိုသတိပြုရမှာဖြစ်ပါတယ်။အဲ့ဒါကတော့ BSc (Hons) လျှောက်ထားမယ်ဆိုရင်
* FR, AA, FM ဘာသာရပ်များမဖြေဆိုခင်ကတည်းက Opt -in လုပ်ထားဖို့လိုပါတယ်။
* ACCA ပထမဆုံးဘာသာရပ်အောင်မြင်တဲ့ (၁၀)နှစ်အတွင်း (သို့) Register ပြုလုပ်ပြီး Exemption ပထမဆုံးရတဲ့ (၁၀) နှစ်အတွင်းဖြစ်မှ BSc oင်ခွင့်လျောက်ထားနိုင်မှာဖြစ်ပါတယ်။
* တကယ်လို့ (၁၀) နှစ်ကျော်သွားလို့ BSc ယူလို့မရတော့တဲ့သူတွေဆိုရင် Part II ကျန်တဲ့ဘာသာနဲ့ Part III ထဲက ၃ ဘာသာကို (၅) နှစ်အတွင်းအောင်အောင်ဖြေပေးရမှာဖြစ်ပါတယ်။
* FR,AA နဲ့ FM ဘာသာရပ်ကို Exemption မယူထားရပါဘူး(Exemption ယူထားမိရင်တော့ ACCA Connect ကိုဆက်သွယ်ပြီး OBU BSc(Hons) ၀င်ခွင့်အတွက်မေးမြန်းရမှာဖြစ်ပါတယ်)
အဲ့အချက်တွေနဲ့ကိုက်ညီရပါမယ်။
အသေးစိတ်ထပ်မံသိရှိလိုပါက
http://www.accaglobal.com/…/acca-qual…/bsc-degree.html
မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
#OBU
#excellentchoice