အပိုင်း (၄) တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသော Covid-19 ရောဂါကာလအတွင်း အသေးစားနှင့် အလယ်အလတ် လုပ်ငန်းများအနေဖြင့် မိမိတို့လုပ်ငန်းများ မည်သို့လုပ်ဆောင်ရမည်ကို ပြန်လည်စဉ်းစားခြင်း။

အပိုင်း (၄) တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသော Covid-19 ရောဂါကာလအတွင်း အသေးစားနှင့် အလယ်အလတ် လုပ်ငန်းများအနေဖြင့် မိမိတို့လုပ်ငန်းများ မည်သို့လုပ်ဆောင်ရမည်ကို ပြန်လည်စဉ်းစားခြင်း။

အပိုင်း (၄)

တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသော Covid-19 ရောဂါကာလအတွင်း အသေးစားနှင့် အလယ်အလတ် လုပ်ငန်းများအနေဖြင့် မိမိတို့လုပ်ငန်းများ မည်သို့လုပ်ဆောင်ရမည်ကို ပြန်လည်စဉ်းစားခြင်း။

နောက်တစ်ရက်မှာ ယခုဆောင်ပါး၏ နောက်ဆုံးအပိုင်းတွင် ဝင်ရောက်ဆွေးနွေးပေးထားတဲ့ OA Assurance ရဲ့ Founder and Managing Director ဖြစ်တဲ့ Alan Chang ၏ ဆွေးနွေးချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်။

နယ်နိမိတ် ထိန်းချုပ်ခြင်း
စာရင်းစစ်အလုပ်ရဲ့ သဘောသဘာဝအရ တခါတရံ Client တည်ရှိရာနေရာကို သွားရောက်ရပါတယ်။ အများစုသော အသေးစားနှင့် အလယ်အလတ်လုပ်ငန်းတွေက Audit Software အချို့ကို အသုံးပြုထားကြတယ်လို့ OA Assurance ရဲ့ Founder and Managing Director ဖြစ်တဲ့ Alan Chang ကပြောပါတယ်။ ဒါကြောင့်မို့ ရုံးအတွင်းမှာ ဝန်ထမ်းမရှိလည်းပဲ အသေးစားနှင့် အလယ်အလတ်လုပ်ငန်းတွေက အလုပ်တွေစီမံခန့်ခွဲနိုင်ပါတယ်။ အသေးစားနှင့် အလယ်အလတ်လုပ်ငန်းတွေအတွက် ပြဿနာ အများကြီးရှိမယ် မထင်ဘူးလို့ Alan Chang ကပြောပါတယ်။ အဲ့ဒီအစား အဓိက ဖြစ်လာနိုင်တဲ့ပြဿနာတော့ Client နှင့် မိမိတို့အကြား အပြန်အလှန်ဆက်သွယ်ရာတွင် လိုက်လျောညီထွေမရှိမှုနှင့် ချိတ်ဆက်မှုအားနည်းခြင်းများ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Alan Chang က အသေးစားနှင့် အလယ်အလတ်လုပ်ငန်းများအနေဖြင့် ယခုချိန်မှစပြီး Digital နည်းပညာကို အသုံးပြုဖို့ လိုအပ်ကြောင်း အကြံပြုထားပါတယ်။

အစိုးရကပေးတဲ့ ထောက်ပံ့ကြေးကို အားသာချက်ယူပြီး Digitalise Business ကို လုပ်ဆောင်ပါ။ Company တွေအနေနဲ့ ဒီအချိန်ဟာ ကျွမ်းကျင်ဝန်ထမ်းတွေအတွက် အစီအစဉ်ရေးဆွဲလုပ်ဆောင်ဖို့ အချိန်လည်းပဲ ဖြစ်ပါတယ်လို့ သူကပြောပါတယ်။ ကပ်ဆိုက်သောကာလ တစ်ခုဖြစ်နေချိန်မှာ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအချိန်က လုပ်ငန်းကို အရည်အချင်းပြည့်မှီမှုရှိမရှိကို ကြည့်ရှုတဲ့အချိန်လည်း ဖြစ်ပါတယ်။

ကုန်ကျစရိတ်အကြောင်းအရာ
Alan Chang က ကုန်ကျစရိတ်က အဓိက ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ရှင်းပြထားပါတယ်။ ငါတို့ရဲ့ ယခုရှိနေပြီးသား IT အခြေခံ အုတ်မြစ်ကနေပြီး Digital Office ကို ပြောင်းလဲဖို့ ကုန်ကျစရိတ်က အရမ်းကြီးမားလွန်ပါတယ်လို့ သူကပြောပါတယ်။ ဆိုလိုတာကတော့ ငွေအဝင်အထွက်ကို ထိန်းသိမ်းဖို့က မလုပ်မဖြစ်လုပ်ဆောင်ရမယ်လို့ Trust Accounting Advisory မှာ Group Head of CA အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ Paul Tan ကပြောပါတယ်။ Retail Sector မှာ ရှိနေတဲ့ Client တွေအနေနဲ့ တချို့သော အရောင်းတွေကို Online ကုန်သွယ်မှုမှ ဆက်လက်ရောင်းချပါဆိုတဲ့ ငါတို့ပေးခဲ့တဲ့ အကြံဉာဏ် အောင်မြင်ခဲ့ပါတယ်။ အခုလည်း Cloud Based Solution က ငါတို့ နောက်ထပ်အကြံဉာဏ် ဖြစ်ပါတယ်။ သူရဲ့အဓိက အကြံပေးချက်ကတော့ ဝန်ဆောင်မှုလုပ်ငန်း၊ အစားအသောက်နှင့် Retail Sector မှာရှိနေတဲ့ Client တွေ အနေနဲ့ ငွေအဝင်အထွက်ကို အထူးသတိပြုကြဖို့ ဖြစ်ပါတယ်။ လုပ်ငန်းတွေက စီးပွားရေး တော်တော်လေးနှေးသွားပြီးတော့ သုံညဆိုတဲ့ အခြေအနေ ထိအောင် ရောက်နေတဲ့အတွက် ဝန်ထမ်းတွေက Annual Leave ယူခဲ့မယ်ဆိုရင်တောင် Unpaid Leave အနေနဲ့ လုပ်ဆောင်သင့်ပါတယ် အကြံပေးလုပ်ငန်းတွေက အကြံပေးချင်ပါတယ်။

နောက်ဆုံးအနေနဲ့ အသေးစားနှင့် အလယ်အလတ်လုပ်ငန်းတွေက မိမိတို့ရဲ့တန်ဖိုးကို ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ မိမိတို့ရဲ့ ကျွမ်းကျင်မှုကို အားသာချက်အနေနဲ့ အသုံးပြုရပါမယ်။ ကြိုတင်ခန့်မှန်းလို့လည်းမရတဲ့အပြင် ရှေးယခင်းကလည်း တစ်ခါမှမဖြစ်ဘူးတဲ့ သေးငယ်သော ပြဿနာများက ကျွန်တော်တို့အပေါ် များစွာအကျိုးသက်ရောက်မှု ရှိပါတယ်။ အဲ့ဒီလို အကျိုးသက်ရောက်မှုတွေထဲက ကျွန်တော်တို့ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်မလား (သို့) လုပ်ငန်းကို ရပ်ပစ်မလား လို့ OA Assurance ရဲ့ Founder and Managing Director ဖြစ်တဲ့ Alan Chang ကပြောပါတယ်။ ဒါပေမယ့်လို့ လုပ်ငန်းပိုင်ရှင်က ဆုံးဖြတ်ချက်တွေ အလျင်အမြန်ချမှတ်ပြီး မြန်မြန်အကောင်အထည်ဖော်ဆောင် ရွက်မယ်ဆိုရင် သေးငယ်တဲ့ပြဿနာ တော်တော်များကို ထိန်ချုပ်နိုင်ပါတယ်။