အပိုင်း (၃) တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသော Covid-19 ရောဂါကာလအတွင်း အသေးစားနှင့် အလယ်အလတ် လုပ်ငန်းများအနေဖြင့် မိမိတို့လုပ်ငန်းများ မည်သို့လုပ်ဆောင်ရမည်ကို ပြန်လည်စဉ်းစားခြင်း။
အပိုင်း (၃)
တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသော Covid-19 ရောဂါကာလအတွင်း အသေးစားနှင့် အလယ်အလတ် လုပ်ငန်းများအနေဖြင့် မိမိတို့လုပ်ငန်းများ မည်သို့လုပ်ဆောင်ရမည်ကို ပြန်လည်စဉ်းစားခြင်း။
Trust Accounting Advisory မှာ Group Head of CA အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ Paul Tan ၏ ဆွေးနွေးချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
နယ်နိမိတ် ထိန်းချုပ်ခြင်း
တွေးစရာတစ်ခုက စင်ကာပူမှာ ခရီးသွားခြင်းကို ကန့်သတ်လိုက်တဲ့အတွက် အိမ်နီးချင်းနိုင်ငံများ၌ အသေးစားနှင့် အလယ်အလတ် လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ မလေးရှားနိုင်ငံသားများအပေါ် များစွား အကျိုးသက်ရောက်မှုရှိခဲ့ပါတယ် လို့ Trust Accounting Advisory မှာ Group Head of CA အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ Paul Tan ကပြောပါတယ်။ တော်တော်များများ ဝန်ထမ်းတွေထွက်ခွာသွားကြတယ်။ တချို့ဝန်ထမ်းတွေက Manager Level အဆင့်တွေပါ။ အဲဒီအတွက်ကြောင့် လုပ်ငန်းအနေနဲ့ အရေးပါတဲ့ ဝန်ထမ်းတွေမရှိပဲ လုပ်ငန်းကို ပိုမိုခိုင်မာအောင် တည်ဆောက်ရပါတော့မယ်လို့ပြောပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အခုလိုမျို အဟန့်အတား အနှောက်အယှက်တွေအတွက် ကျွန်တော်တို့နဲ့ ကျွန်တော်တို့ Client တွေမှာ သေချာတဲ့ ဘာအစီအစဉ်မှ မရှိခဲ့ဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လိုက်နာကျင့်သုံးရမယ့် နည်းလမ်းတွေ ရှာဖွေပြီးပါပြီလို့ သူက ထပ်မံပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့အလေ့အကျင့်အရ ကျွန်တော်တို့ များစွာသော Cloud Based IT Solution ဖြစ်တဲ့ Office 365, Case Ware and Xero တို့ကို အသုံးပြုခဲ့ပြီးပါပြီလို့ သူကပြောပါတယ်။ ကျွန်တော်တို့ မကြာသေးခင်ကာလကမှ ကျွန်တော်တို့ရဲ့ Mobile နဲ့အသုံးပြုလို့ရတဲ့ ဆက်သွယ်ရေး စနစ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ကျွန်တော်တို့ အဲ့ဒီ ဆက်သွယ်ရေးစနစ်ကနေပြီး ကျွန်တော်တို့ရဲ့ ဘယ်နေရာ ဘယ်ဒေသက Client တွေနဲ့မဆို ဆက်သွယ်နိုင်ပါပြီလို့ Paul Tan က ပြောပါတယ်။ တခြားသော စင်ကာပူ အခြေစိုက် Accountancy Firms တွေကလည်း နည်းပညာရဲ့ကျေးဇူးကြောင့် အသေးစားနှင့် အလယ်အလတ်လုပ်ငန်းများကို ကောင်းစွာ ထိန်းကျောင်းနိုင်ပြီလို့ ယုံကြည်ကြပါတယ်။