အပိုင်း (၂) တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသော Covid-19 ရောဂါကာလအတွင်း အသေးစားနှင့် အလယ်အလတ် လုပ်ငန်းများအနေဖြင့် မိမိတို့လုပ်ငန်းများ မည်သို့လုပ်ဆောင်ရမည်ကို ပြန်လည်စဉ်းစားခြင်း။

အပိုင်း (၂) တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသော Covid-19 ရောဂါကာလအတွင်း အသေးစားနှင့် အလယ်အလတ် လုပ်ငန်းများအနေဖြင့် မိမိတို့လုပ်ငန်းများ မည်သို့လုပ်ဆောင်ရမည်ကို ပြန်လည်စဉ်းစားခြင်း။

LinSon Business Consulting ရဲ့ CEO and Founder ဖြစ်တဲ့ Giles Wilson ၏ ဆွေးနွေးချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
တကယ်လို့ တစ်စုံတစ်ခုက တစ်နေရာမှာဖြစ်ခဲ့မယ်ဆိုရင်တောင်မှ ကျွန်တော်က တခြားနေရာတွေကို မှီခိုလို့ ရနိုင်ပါတယ်လို့ LinSon Business Consulting ရဲ့ CEO and Founder ဖြစ်တဲ့ Giles Wilson ကပြောပါတယ်။
ဒါပေမဲ့ မင်းရဲ့လုပ်ငန်းက Fully Cloud Based Organisation သာဖြစ်ခဲ့မယ်ဆိုရင် မင်းရဲ့ဝန်ထမ်းတွေက မင်းတို့ရဲ့ File တွေကို ကမ္ဘာမှာရှိတဲ့ ဘယ်နေရာကမဆို ဝင်ရောက်ကြည့်ရှုနိုင်မှာပါ။

မင်းမှာ ဝင်ရောက်ကြည့်ရှုဖို့ရန် အခွင့်အာဏာသာရှိမယ်ဆိုရင် Cloud Based Systems and Software က မင်းကို ဝင်ရောက်ကြည့်ရှုဖို့ ခွင့်ပြုမှာပါ။ ဒါပေမဲ့ မင်းတစ်ယောက်တည်းမဟုတ်ပါဘူး။ ဝင်ရောက်ကြည့်ရှုခွင့်ရတဲ့ ဘယ်သူမဆို ဘယ်နေရာကဘဲဖြစ်ဖြစ် ဝင်ရောက်ကြည့်ရှုလို့ရမှာပါ။ Corona Virus ဖြစ်ပွားလို့ အိမ်ကေန အလုပ်လုပ်ဖို့လိုတာ ဖြစ်တဲ့အတွက် Computer နဲ့ Internet ချိတ်ဆက်ဖို့လိုအပ်ခဲ့မယ်ဆိုရင် အဲဒါတွေက ပြဿနာမဟုတ်ပါဘူး။ LinSon Business Consulting ကတော့ Cloud Based Systems တွေကို တည်ဆောက်ပြီးစီးလုနီးပါးပါပဲ။ Client တွေရဲ့ စာရွက်စာတမ်းအားလုံး (ဘေ၊ အရောင်းပြေစာ၊ အသုံးစရိတ်ဘောင်ချာနှင့် ငွေလက်ခံစာရွက်) က Digital ဖြစ်ပြီးသားပါ။

အဲဒီလို Digital ဖြစ်ပြီးသား
E-Documents တွေကို Cloud Based Accounting Software ထဲမှာ သိမ်းဆည်းထားပြီး Financial Reporting ကိုလည်း Digital Format နဲ့ထုတ်ပေးပါတယ်။ ဘယ်စာရွက် စာတမ်းကိုမှ Print ထုတ်စရာမလိုအပ်သလို လက်မှတ်ထိုးဖို့ လိုအပ်ခဲ့မယ်ဆိုရင်တောင်မှ Electronically ထိုးလို့ရပါတယ်။ စာရင်းစစ်ဆေးခြင်းအလုပ်သည်လည်း တဖြေးဖြေး စာရင်းကိုင်အဖွဲ့အစည်းထက် နည်းစနစ်ပိုင်းဘက်ကို ဦးတည်လာနေပါပြီလို့ Gile Wilson ကရှင်းပြပါတယ်။ ယနေ့ခေတ် စာရင်းစစ်အလုပ် လုပ်ကိုင်နေကြတဲ့ စာရင်းစစ်တွေက Client ရဲ့ Cloud Based Accounting Software ထဲကို ဝင်ရောက်ကြည့်ရှုပြီး အဲဒီ Cloud Based Accounting Software ထဲမှာပဲ စာရင်းစစ်ဆေးခြင်းကို လုပ်ဆောင်ကြပါတယ်လို့ Gile Wilson ကပြောပါတယ်။ မိတ္တူပွားထားတဲ့ စာရွက်စာတမ်းအားလုံးကို Accounting System ထဲမှာ Client က သိမ်းဆည်းပေးထားတဲ့အတွက် စာရင်းစစ်တွေအတွက် လုပ်ဆောင်ရတာ လွယ်ကူပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့အစည်းရဲ့လိုအပ်ချက်ဖြစ်တဲ့ မူရင်းစာရွက်စာတမ်းတွေကို ဖော်ပြနိုင်ဖို့တော့ လိုအပ်နေပါသေးတယ်။

ကုန်ကျစရိတ်အကြောင်းအရာ
LinSon Business Consulting ရဲ့ CEO and Founder ဖြစ်တဲ့ Giles Wilson က Landlords, Suppliers and Banks တွေနဲ့ ညှိနှိုင်းလုပ်ဆောင်ဖို့လည်း အကြံပြုထားပါတယ်။ ဈေးလျော့ပေးနိုင်မလား မေးရမယ်။ သူတို့လည်း မိမိတို့နဲ့အတူတူပဲ ရင်ဆိုင် ကျော်ဖြတ်နေရတာဖြစ်တဲ့အတွက် သူတို့ ပစ္စည်း (သို့) ဝန်ဆောင်မှုတွေကိုသာ ရောင်းချရမယ်ဆိုရင် တစ်ခုခုတော့ ပေးကောင်းပေးနိုင်ပါလိမ့်မယ်လို့ သူကပြောပါတယ်။ မိမိတို့ ပစ္စည်းများ ရောင်းချမှုတွင်ကျယ်ရန် ရှေ့တန်းရောင်းချသူများကို တွန်းအားပေးခြင်း ထိန်သိမ်းထားရန်လိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းများအနေနဲ့ တွန်းအားပေးခြင်းကို ဆက်လက် လုပ်ဆောင်သွားရမယ်ဆိုတာကို လက်ခံပါတယ်။ ကြော်ငြာတာတွေနဲ့ အရောင်းမြှင့်တင်ရေး လုပ်ဆောင်တာတွေက ရပ်ပစ်ရမယ့် အကြောင်းအရာတစ်ခုလို့ ကျွန်တော် သူတို့ကို မပြောပါဘူး။ သူတို့တည်ရှိနေတာနဲ့ သူတို့ ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာကို ပြည်သူလူထု သိရှိနေဖို့တော့ လိုအပ်ပါတယ်။
နောက်တစ်ရက်မှာ ယခုဆောင်ပါး၏ အဆက်ဖြစ်တဲ့ Trust Accounting Advisory မှာ Group Head of CA အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ Paul Tan ၏ ဆွေးနွေးချက်များကို တင်ပြပေးသွားပါမယ်။