“အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေတဲ့ ACCA”

“အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေတဲ့ ACCA”

UK နိုင်ငံရဲ့ Oxford Brookes University မှ BSc (Hons) Degree in Applied Accounting ဘွဲ့ကို
➕ Applied Knowledge Module မှ Paper (၃) ခုနှင့်အတူ
🖌 Foundations in Professionalism and Ethics (No exam fees)
ဖြေဆိုပြီး
🔖 Diploma in Accounting and Business (RQF Level 4) ရရှိမည်ဖြစ်ပါတယ်။
⏰ အချိန် (၆) လမှ (၁၂) လ
💵 စာမေးပွဲကြေးနှင့်နှစ်စဉ်ကြေးကုန်ကျစရိတ်ခန့်မှန်းခြေ (£ 285)
💳 Tuition Fees ခန့်မှန်းခြေ (600,000 mmk)
➕ Applied Skills Module မှ Paper (၆) ခုနှင့်အတူ
🖌 Ethics and Professional Skill Module (£ 68) BSc ဘွဲ့ယူမယ်ဆို Must Be ဖြေကိုဖြေရမှာပါ။
🏵Advanced diploma in Accounting and Business
⏰ အချိန် (၁၂) လမှ အချိန် (၂၄) လ
💵 စာမေးပွဲကြေးနှင့်နှစ်စဉ်ကြေးကုန်ကျစရိတ်ခန့်မှန်းခြေ (£ 861)
💳 Tuition Fees ခန့်မှန်းခြေ (1,600,000 mmk)
Applied Skills Module နဲ့ Professional Ethics ကိုဖြေဆိုအောင်မြင်ပြီးသွားရင်တော့
🎓 Oxford Brooks University က BSc (Hons) Degree in Applied Accounting ဘွဲ့ကို (Research and Analysis Project -RAP) ပြုလုပ်ပြီးအောင်မြင်ခဲ့ပါကရရှိမှာဖြစ်ပါတယ်။
💵 RAP Submission fees အနေနဲ့ကတော့ (£445) -2022 နှစ် သာပေးသွင်းရမှာဖြစ်ပါတယ်။ Mentoring Fees ခန့်မှန်းခြေ( ၅၀၀,၀၀၀ MMK)ကုန်ကျနိုင်ပါတယ်။
အဲ့အပြင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ University of London (UOL) မှလည်း 🎓 MSc in Professional Accountancy ဘွဲ့ကို
* ACCA မှ (SBL & SBR) ၂ ဘာသာကိုအောင်မြင်ပြီးတဲ့အချိန်
(ဒါမှမဟုတ်)
* ACCA က ၁၃ ဘာသာလုံးပြီးမြောက်အောင်မြင်ပြီးတဲ့အချိန်
UOL က One Module နဲ့ One Project ကိုပြုလုပ်အောင်မြင်ခဲ့ရင် MSc Degrees Holder ကြီးအဖြစ်ရပ်တည်နိုင်အုန်းမှာဖြစ်ပါတယ်။
Professional Level အတွက်ခန့်မှန်းခြေကုန်ကျစရိတ်
⏰ အချိန် (၁၂) လမှ အချိန် (၂၄) လ
💵 စာမေးပွဲကြေးနှင့်နှစ်စဉ်ကြေးကုန်ကျစရိတ်ခန့်မှန်းခြေ (£ 839)
💳 Tuition Fees ခန့်မှန်းခြေ (1,300,000 MMK)
ကိုယ်ရွေးချယ်တဲ့ pathway မူတည်ပြီး cost ကွာခြားမှုရှိပါတယ်။
MSc ဘွဲ့အတွက် Project ပြုလုပ်ဖို့အတွက် ခန့်မှန်းခြေကုန်ကျစရိတ် (£5,000) ဝန်းကျင်ရှိပြီးအချိန် (၆) လပေးရပါမယ်။

ရှေ့တပတ် Article
https://www.facebook.com/266239590432750/posts/1918259865230706/?d=n
မှာ UK နိုင်ငံကို သွားရောက်ပညာသင်ကြားရင်ကုန်ကျနိုင်မယ့်ခန့်မှန်းခြေကုန်ကျစရိတ်တွေကိုပြောပြပေးသွားတာနဲ့ယှဉ်ကြည့်လိုက်မယ်ဆိုရင် ACCA Pathway ကိုရွေးချယ်ပြီး UK Degree ယူမယ့်သူတွေအဖို့ နေစရိတ်၊စားစရိတ်အများကြီးသက်သာမဲ့အပြင် ကျောင်းလခ နဲ့ အခြားကုန်ကျစရိတ်တွေ သုံးပုံ နှစ်ပုံလောက်သက်သာပါတယ်။ပြီးတော့ပေးသွင်းရမယ့် fees တွေကလည်းတပြိုင်နက်တည်းအကုန်သွင်းရတာမဟုတ်ပဲကိုယ်ဖြေမယ့်ဘာသာအလိုက်ခွဲသွင်းနိုင်ပါတယ်။
အခြေအနေ၊အချိန်အခါနဲ့ လိုက်လျောညီထွေတဲ့ ACCA လို့ဆိုလိုချင်တဲ့အကြောင်းအရာကတော့ တစ်ကမ္ဘာလုံးမှာစီးပွါးရေးကျပ်တည်းလာတဲ့အချိန် Professional Skill ပြည့်စုံပြီးအလုပ်အကိုင်အခွင့်အလမ်းကောင်းကောင်းရဖို့အတွက် ငွေကြေးအများကြီးအကုန်အကျခံစရာမလိုပဲ ACCA pathway ကနေ Salary ကောင်းကောင်းရမယ့် Accounting နဲ့ Finance ပတ်သက်တဲ့ ဘွဲ့တွေ Diploma တွေရယူနိုင်လို့ပါပဲ။ အားလုံးအတွက်အခု Article လေးကအကျိုးပြုပါစေဆိုတဲ့စေတနာနဲ့ဝေမျှပေးလိုက်ပါတယ်။