“အခြေအနေ၊အချိန်အခါနဲ့ လိုက်လျောညီထွေတဲ့ ACCA”

“အခြေအနေ၊အချိန်အခါနဲ့ လိုက်လျောညီထွေတဲ့ ACCA”

“အခြေအနေ၊အချိန်အခါနဲ့ လိုက်လျောညီထွေတဲ့ ACCA”
UK နိုင်ငံက BSc/MSc အစရှိတဲ့ Academic Pathway Degree တွေက်ိုACCA မှာကုန်ကျစရိတ်သက်သာပြီး၊ မြန်မာနိုင်ငံကနေရယူလို့ရပါတယ်။
နိုင်ငံရပ်ခြားမှာသွားရောက်ပညာသင်ကြားတဲ့အခါပထမဦးဆုံးအနေနဲ့ကျောင်းဝင်ခွင့်၊ ကျောင်းလခ၊ Visa အပြင်နေရေးထိုင်ရေးကအစအဘက်ဘက်စဉ်းစားစရာတွေအများကြီးရှိပါတယ်။
UK နိုင်ငံမှာတက္ကသိုလ်သွားတက်မယ်ဆို ပျမ်းမျှကျောင်းလခနှင့်နေထိုင်စားသောက်မှုစရိတ် (£ 21,450 or US$ 30,000) တစ်နှစ်ကိုကျနိုင်ပါတယ်။ကိုယ်ရွေးချယ်တဲ့ကျောင်းနဲ့နေထိုင်မှုပုံစံပေါ်မူတည်ပြီးကုန်ကျစရိတ်အပြောင်းအလဲရှိနိုင်ပါတယ်။ ကိုယ်ယူမယ့်ဘွဲ့ပေါ်မူတည်ပြီးအချိန်ကာလ (၃) နှစ်မှ (၇) နှစ်အထိကြာမြင့်နိုင်ပါတယ်။
နေစရာအတွက်က Halls of Residence (ကိုယ်ပိုင်အိပ်ခန်းရပေမယ့်မီးဖိုခန်းနဲ့ ရေချိုးခန်းတို့လို အများသုံး ဘုံနေရာထိုင်ခင်းတွေကို အတူမျှဝေသုံးစွဲရတဲ့အဆောင်) (သို့မဟုတ်) Private Halls of Residence (ပုဂ္ဂလိကအဆောင်) (သို့မဟုတ်) အိမ်၊ ဒါမှမဟုတ် တိုက်ခန်း သီးသန့်ငှါးရမ်းနေထိုင်တဲ့နေရာလိုမျိုးတွေမှာရွေးချယ်နေထိုင်နိုင်ပြီးကုန်ကျစရိတ်ကကွဲပြားသွားနိုင်ပါတယ်။
အစားအသောက်အနေနဲ့ကတော့ကျောင်းသူကျောင်းသားတွေအတွက် ပြင်ဆင်ချက်ပြုတ်ကျွေးမွေးတဲ့အစီစဉ်ကိုရွေးချယ်နိုင်သလို ကိုယ့်ဘာသာ ဝယ်ယူချက်ပြုတ်စားသုံးတာမျိုးလည်းရွေးချယ်လို့ရပြီးကုန်ကျစရိတ်တွေကွဲပြားသွားနိုင်ပါတယ်။
ဘွဲ့ရပြီးရင်တော့ UK မှာ အလုပ်ဝင်ဖို့အတွက်ဆို Work Visa လိုမှာ ဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းသားတွေနဲ့ သင့်တော်လွယ်ကူမယ့် Post-study work visa ကိုလျောက်ထားနိုင်ပါတယ်။ ကျောင်းပြီးတဲ့အခါ ကိုယ်နိုင်ငံကိုယ်ပြန်လာပြီးမှာ အလုပ်လုပ်ချင်တဲ့သူတွေအတွက်လည်း ရွေးချယ်စရာ Visa တွေရှိပါတယ်။
ကျောင်းပြီးနောက် UK မှာ စပြီးအလုပ်လုပ်မယ့်သူတွေရဲ့ ဝင်ငွေက တစ်နှစ်ကို ပျမ်းမျှ (£ 23,000) လောက်ရရှိနိုင်ပါတယ်။ Business, Marketing & Management Degree ရရှိထားတဲ့သူတွေအနေနဲ့ Accountancy, Investment Banking တို့မှာ လစာကောင်းကောင်းရနိုင်ပါတယ်။ Accountancy ယူထားသူတွေအနေနဲ့က ပျမ်းမျှတစ်နှစ်ဝင်ငွေ (£ 23,800)က စပြီး ရနိုင်ပါတယ်။ကိုယ်အလုပ်လုပ်မယ့်ကုမ္ပဏီ၊ နေရာတို့အပေါ် မူတည်နေတာပဲ ဖြစ်ပါတယ်။ Banking ပိုင်းမှာ ဝင်လုပ်ကိုင်မယ့်သူဆိုရင်တော့ ပျမ်းမျှဝင်ငွေ (£ 45,000) ကနေစလို့ ရရှိနိုင်ပါတယ်။ဒီလိုဝင်ငွေကောင်းပြီး နိုင်ငံတကာကုမ္ပဏီကြီးတွေမှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရရှိနိုင်ဖို့ အရည်အချင်းကောင်းတွေရှိနေဖို့ လိုပါတယ်။
UK နိုင်ငံမှာကျောင်းသွားတက်ဖို့ရည်ရွယ်ထားသူတွေအတွက်အခု Information တွေကတစိတ်တဒေသအထောက်အကူဖြစ်မယ်ထင်ပါတယ်။
အခုအခြေအနေအချိန်အခါနဲ့လိုက်လျောညီထွေပြီး ACCA pathway ကနေ UK နိုင်ငံမှာ BSc/MSc ဘွဲ့ကိုမြန်မာနိုင်ငံကကုန်ကျစရိတ်သက်သာစွာယူလို့ရမယ့်အကြောင်းကိုလည်းဆက်ပြီးပြောပြပေးသွားချင်ပါသေးတယ်။