တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသော Covid-19 ရောဂါကာလအတွင်း အသေးစားနှင့် အလယ်အလတ် လုပ်ငန်းများအနေဖြင့် မိမိတို့လုပ်ငန်းများ မည်သို့လုပ်ဆောင်ရမည်ကို ပြန်လည်စဉ်းစားခြင်း။
အပိုင်း (၁)
တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသော Covid-19 ရောဂါကာလအတွင်း အသေးစားနှင့် အလယ်အလတ် လုပ်ငန်းများအနေဖြင့် မိမိတို့လုပ်ငန်းများ မည်သို့လုပ်ဆောင်ရမည်ကို ပြန်လည်စဉ်းစားခြင်း။
တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသော Covid-19 ရောဂါသည် အသေးစားနှင့် အလယ်အလတ်လုပ်ငန်းများကို အနာဂတ်တွင် လုပ်ငန်းဆောင်တာများ မည်သို့ လုပ်ဆောင်ရမည်ကို ပြန်လည်စဉ်းစားရန် တွန်းအားပေးနေပါတယ်။
ယခုဆောင်းပါးကို China Accounting and Business Magazine မှ ပထမဆုံးအနေဖြင့် May 2020 တွင် ထုတ်ဝေခဲ့ပါတယ်။
ယခုဆောင်းပါးတွင် နိုင်ငံတကာ Accounting and Auditing Firm များမှ ရာထူးကြီးနေရာများတွင် တာဝန်ယူ လုပ်ဆောင်နေကြတဲ့ လူပုဂ္ဂိုလ်များမှ ဝင်ရောက်ဆွေးနွေးထားကြပါတယ်။ ကျွန်တော်တို့ Page တွင် ထိုသူများ၏ ဆွေးနွေးချက်များထဲမှ တစ်ယောက်ချင်း၏ ဆွေးနွေးချက်များကို တင်ပြသွားပါမယ်။
ပထမဆုံးအနေဖြင့် Hong Kong အခြေပြု Corporate Services Firm တစ်ခုဖြစ်သော Au & Co ၏ Partner ဖြစ်သော Thomas Lee ၏ ဆွေးနွေးချက်ကို တင်ပြပေးသွားပါမယ်။ Thomas Lee ၏ ဆွေးနွေးချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသော Covid-19 ရောဂါသည် သက်ရှိသတ္တဝါ အားလုံးအပေါ် အကျိုး သက်ရောက်မှု ရှိခဲ့ပါတယ်။ ရုံးခန်းများကို ပိတ်ပြီး ဝန်ထမ်းများသည်လည်း ဝေးကွာသော နေရာဒေသမှ လုပ်ငန်းတာဝန်များကို လုပ်ဆောင်နေရပါတယ်။ အင်အားကောင်းစွာရှိသော လုပ်ငန်းကြီးများနှင့် အကြီးစား စာရင်းကိုင်လုပ်ငန်းကြီးများသာ ယခုရောဂါကို လျှင်မြန်စွာ တုန့်ပြန်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အသေးစားနှင့် အလယ်အလတ် လုပ်ငန်းများအတွက်တော့ ယခုရောဂါကို မည်သို့ တုန့်ပြန်ရမည်ကို ရှင်းလင်းစွာ မသိရှိနိုင်သေးပါဘူး။ ယခုရောဂါသည် အသေးစားနှင့် အလယ်အလတ်လုပ်ငန်းများအတွက် တချို့လက်တွေ့ကျသော လုပ်ငန်းလုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ရန် အခက်အခဲရှိပါတယ်။ ဥပမာအားဖြင့် စာရင်းစစ်လုပ်ငန်းများတွင် တခါတရံ မျက်နှာချင်းဆိုင် ဆွေးနွေးမှုများလိုအပ်ပါတယ်။
ဒီအခြေအနေဟာ အားလုံးသော လုပ်ငန်းများအတွက် အလုပ်ပြီးမြောက်ဖို့ ရုံးအတွင်းမှာ ဝန်ထမ်းမရှိပဲ လုပ်ဆောင်ဖို့ အလွန်ခဲယဉ်းတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ယခုအချိန်ထိ တော်တော်များများ စာရွက်စာတမ်းတွေဟာ Digital နည်းပညာကို အသုံးမပြုနိုင်သေးတဲ့အတွက် ကျွန်တော်တို့ စာရင်းစစ်လုပ်ငန်းများအတွက် ရုံးအတွင်း ဝန်းထမ်းမရှိပဲ စစ်ရင်းစစ်ဆေးနိုင်ဖို့ အလွန်ခဲယဉ်းတဲ့အပြင် တချို့သော စာရင်းစစ် လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်များကိုလည်း လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။ တခြားသော ဝန်ဆောင်မှုလုပ်ငန်းများဖြစ်တဲ့ စာရင်းစာအုပ်များထိန်းသိမ်းခြင်းနှင့် Company အတွက် လျှို့ဝှက်လုပ်ဆောင်ရမည့် အလုပ်များသည်လည်း ရုံးအတွင်းတွင်သာ လုပ်ဆောင်နိုင်သည့် အလုပ်များဖြစ်ပါတယ်။ Client နှင့် ဆက်သွယ်ရာတွင် Email, WhatsApp, WeChat နှင့် Skype or Zoom တို့ကို အသုံးပြုလို့ ရနိုင်သည့်အတွက် များစွာအထောက်အကူ ပြုပါတယ်။ Au & Co မှာတော့ ဝန်ထမ်းတွေကို တစ်ပတ် (၂)ရက်၊ ရုံးချိန်ကိုလည်း တစ်သမတ်တည်းသတ်မှတ်မထားဘဲ အလှည့်ကျ ရုံးတက်ခိုင်းပါတယ်။ ထိုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ လူစုလူဝေးကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။ တကယ်တော့ Au & Co က Digital Virtual Office ကို ပြောင်းလဲဖို့အတွက် အဖြေကို ရှာဖွေပြီးသား ဖြစ်ပါတယ်။ မနှစ်က အချိန်တော်တော်များများမှာ အမှန်တကယ်ရုံးတက်သကဲ့သို့ အလုပ်များကို ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်လို့ ရနိုင်တဲ့ နည်းပညာကို ရှာဖွေခဲ့ပါတယ်။ အဲဒီ နည်းပညာကို အချိန် (၁၈)လနဲ့ အကောင်အထည်ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ယခုလို Covid-19 ရောဂါ ဖြစ်ပွားလာသည့်အတွက် အဲဒီနည်းပညာကို အမြန်ဆုံးအကောင်အထည်ဖော်ပါမယ်လို့ Thomas Lee ကပြောပါတယ်။ တခြားသော Hong Kon Based Firm တွေကတော့ ဒီနည်းပညာကို အသုံးပြုဖို့အတွက် စတင်လုပ်ဆောင်ကြပါပြီ။ တကယ်လို့ ယခုလုပ်ဆောင်မဲ့ နည်းပညာက အချိန်အရမ်းကြာခဲ့မယ်ဆိုရင် ကျွန်တော်အနေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို သတိထားပြီးဆုံးဖြတ်ဖို့ လိုပါတယ်။ အဲ့ဒါကတော့ ကျွန်တော်ရဲ့ အလုပ်သမားအင်အားကို မတူညီတဲ့ နေရာဒေသတွေကို ခွဲထုတ်ပစ်ဖို့ပါပဲ။ ဒီလိုလုပ်ဆောင်ခြင်းက ကျွန်တော်တို့ လုပ်ငန်းအနေနဲ့ Client တွေ စဉ်ဆက်မပြတ် ရရှိနိုင်မှာ ဖြစ်ပါတယ်လို့ Thomas Lee ကပြောပါတယ်။
နောက်တစ်ရက်မှာ ယခုဆောင်ပါး၏ အဆက်ဖြစ်တဲ့ LinSon Business Consulting ရဲ့ CEO and Founder ဖြစ်တဲ့ Giles Wilson ၏ ဆွေးနွေးချက်များကို တင်ပြပေးသွားပါမယ်။