ငွေကြေးအကျပ်အတည်းကို ဖြေရှင်းရန် အချက် (၅) ချက်
Coronavirus ကူးစက်ပျံ့နှံ့မှုသည် စီးပွားရေးကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ အဖွဲ့အစည်းအများစုက ဗိုင်းရပ်စ်ကို တိုက်ထုတ်ခြင်းထက် ဗိုင်းရပ်စ်၏အကျိုးဆက်များကိုကိုင်တွယ်ဖြေရှင်းနေကြရပါတယ်။
ဗိုင်းရပ်စ်၏အကျိုးဆက်များကို ကိုင်တွယ် ဖြေရှင်းချိန်မှာ လုပ်ငန်းရှင်များအနေနဲ့ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများမှာ ငွေကြေးအကျပ်အတည်းများစွာ ကြုံတွေ့ နေရကြရပါတယ်။ ထိုငွေကြေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် အောက်ပါအချက် (၅)ချက်ကို လိုက်နာကျင့်သုံးနိုင်ရန် လေ့လာတင်ပြလိုက်ရပါတယ်။
အကျပ်အတည်းတစ်ခုတွင် ငွေကြေးကိုစီမံခန့်ခွဲရန် အလေ့အကျင့်များစွာရှိပါတယ်။ သို့သော် ၎င်းတို့အားလုံးသည် ယခုတင်ပြမည့် အရေးပါသော အချက် (၅) ချက်ထဲတွင် ပါဝင်နေပါတယ်။
၁။ ခန့်မှန်းချက်
ငွေကြေး အကျပ်အတည်း အန္တရာယ်ကို စီမံရန်အတွက် ကုမ္ပဏီသည် မိမိလုပ်ငန်းအတွက် လိုအပ်မည့် ငွေကြေးကို ခန့်မှန်းတွက်ချက်ဖို့ လိုအပ်ပါတယ်။ လက်ရှိ ရောဂါပျံနှံပြီး လုပ်ငန်းများအတွက် မသေချာ မရေရာသော အချိန်သည် အနည်းဆုံး ခြောက်လ သက်တမ်းရှိနိုင်ပြီး ကုန်သွယ်ရေးအခြေအနေ အမျိုးမျိုးအတွက် ဖြစ်နိုင်ချေများသည် လစဉ်ပြောင်းလဲနေပါတယ်။ ငွေပို ငွေလျှံကို မိမိအတွက် အဆင်ပြေမည့် စီးပွားရေးလုပ်ငန်းများသို့ ပြောင်းလဲရင်းနှီး မြှပ်နှံမည်ဆိုပါက ပြောင်းလဲလုပ်ကိုင်မည့် စီးပွားရေးလုပ်ငန်း၏ အခြေနေကို စောင့်ကြည့်ပြီး အသေးစိတ်ကြိုတင် ခန့်မှန်းသင့်ပါတယ်။ ဤခန့်မှန်းချက်သည် လုပ်ငန်းကို စီမံခန့်ခွဲနေသောသူများအတွက် တန်ဖိုးကြီးမားပြီး လုပ်ငန်းအသစ် လုပ်ဆောင်ရန်အတွက် တက်ကြွမှုများနှင့် စိန်ခေါ်မှုများကို ပေးစွမ်းပါလိမ့်မယ်။
၂။ အသုံးစရိတ်ကို ဦးစားပေးသတ်မှတ်ခြင်း
ဤအသေးစိတ်ခန့်မှန်းချက်ကို အသုံးပြုခြင်းအားဖြင့် လုပ်ငန်းကို စီမံခန့်ခွဲနေသောသူများသည် အသုံးစရိတ်အမျိုးအစား တစ်ခုချင်းစီကို ကြည့်ပြီး ဦးစားပေးရွေးချယ်နိုင်သည်။ ပုံမှန်အားဖြင့် လစာကို ပထမ ပေးချေပြီးသည့်နောက် Key Suppliers များကို ပေးချေရန်နှင့် ဒုတိယဦးစားပေးအဖြစ် လက်လီရောင်းချသူများနှင့် ငွေချေးသူများကို ပေးချေရမှာဖြစ်ပါတယ်။ လက်ရှိကြွေးမြီအနေအထားကို အကဲဖြတ်ရန်နှင့် အတိုးနှုန်း သို့မဟုတ် မူရင်း ချေးငွေပမာဏကို ပေးချေခြင်း မပြုမီ သဘောတူစာချုပ်များကို စစ်ဆေးရန်အရေးကြီးသည်။ ချေးငွေကာလကို သက်တမ်းတိုးရန် လိုအပ်ပါက ငွေချေးသူထံမှ သက်တမ်းတိုးခြင်း ခွင့်ပြုကြောင်းကို စာချုပ်စာတမ်းနှင့်တကွ ကြိုတင်တောင်းခံရပါမယ်။ ဦးစားပေး အစီအစဉ်များကို သဘောတူပြီးသည်နှင့် အရေးပါသော အချက်များအားလုံးကို အကောင်အထည်ဖော် လုပ်ဆောင်သင့်ပါတယ်။ ဤအတောအတွင်း ကမ္ဘာအနှံ့ရှိအစိုးရများသည် အခွန်၊ လစာ၊ ချေးငွေများနှင့် သက်ဆိုင်သော သက်သာခွင့်များ ပေးနေပါတယ်။ ၎င်းသက်သာခွင့်များကို ငွေပေးချေမှု အစီအစဉ်များတွင် သင့်တော်သလို ထည့်သွင်း အသုံးပြုပြီး သက်သာခွင့်များ ရရှိနေချိန်တွင် ငွေပေးချေမှု အစီအစဉ်များကို ချက်ချင်း အကောင်အထည်ဖော်သင့်ပါတယ်။
၃။ ဆက်သွယ်ရေး
လုပ်ငန်းအနေဖြင့် ငွေကြေးနှင့် ပက်သတ်သော အစီအစဉ်များပြုလုပ်ရာတွင် အကျိုးသက်ရောက်မှုရှိနိုင်သည့် လူပုဂ္ဂိုလ် မည်သူ တစ်ဦး တစ်ယောက်အတွက်မဆို စဉ်းစားပြီး လုပ်ငန်းတွင်းနှင့် လုပ်ငန်းပြင်ပ ဆက်သွယ်ရေး နည်းဗျူဟာများကို ရေးဆွဲရပါမယ်။ ပုံမှန်ငွေပေးချေမှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ပြန်လည် ပြင်ဆင်ရန် ရည်ရွယ်ပါက မိမိလုပ်ငန်းနှင့် ပတ်သက်နေသော Supplier များနှင့် Creditor များအတွက် အချိန်များစွာ လိုအပ်ပါတယ်။ အလားတူ မိမိလုပ်ငန်း၏ Customer များသည်လည်း အရေးပါသည့်အတွက် Customer များနှင့်လည်း စောစီးစီးတွေ့ဆုံသင့်ပါတယ်။ ဝန်ထမ်းများကို မိမိတို့ သင့်လျော်သလို လုပ်ဆောင်ပါလို့ မဆိုလိုချင်ပါ။ လုပ်ထုံးလုပ်နည်း အသစ်များကို ပြောင်းလဲကျင့်သုံးဖို့ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ချက်မချမှီ လုပ်ရိုး လုပ်စဉ်များကို ပြောင်းလဲစေနိုင်သောကြောင့် ပထမဦးစွာ ဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးရပါမယ်။ ဝန်ထမ်းအရေအတွက် များပြားသည့်အခါ အလုပ်သမားကောင်စီများနှင့် အလုပ်သမားသမဂ္ဂများ၏ ပါဝင်ဆွေးနွေးမှုများလည်း လိုအပ်နိုင်ပါတယ်။ ဤကဲ့သို့ ဆွေးနွေးမှုများကို အကောင်အထည်မဖော်မှီ ပြုလုပ်လိုက်ခြင်းသည် ပါဝင်ဆွေးနွေးသူများအတွက် စိတ်ဖိစီးမှုလျော့နည်းစေပါတယ်။ ယခုအကြပ်အတည်းနောက်ပိုင်း ပြန်လည်နာလန်ထူခြင်းသည် လုပ်ငန်းအတွက် အဓိကအချက်ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ရိုးသားမှုတို့သည် လုပ်ငန်းများ ယခင်ကာလကဲ့သို့ ပုံမှန်အချိန် ပြန်မရောက်မချင်း စီးပွားရေးဆက်ဆံမှုကို အဆင်ပြေစေပါလိမ့်မယ်။ သတင်းဆိုးများ ဖြစ်လာချိန်မှာ လုပ်ငန်းတစ်ခုနှင့် တစ်ခု အဆက်အသွယ်နည်းခြင်းထက် အဆက်အသွယ် များများရှိခြင်းက ပိုကောင်းတဲ့ ဆက်ဆံရေးကို ရရှိစေပါတယ်။
၄။ အစီအရင်ခံ တင်ပြခြင်း ဖြစ်စဉ်ကို တိုတောင်းပါစေ
အချိန်သည် ဤကာလအတွင်းတွင် ရန်သူပဲ ဖြစ်ပါတယ်။ တိုတောင်းသော သတင်းပေးပို့မှုသည် သတင်းအမှန်နှင့် ခန့်မှန်းချက်များကို စောစီးစွာ သွေဖယ် အသိအမှတ်ပြုပြီး မှန်ကန်သော လုပ်ဆောင်ချက်များ ပြုလုပ်နိုင်ရန် အခွင့်အလမ်း ဖြစ်ပါတယ်။ ငွေသားနှင့် ပတ်သက်သော အစီအစဉ်ကို အောက်ခြေကနေစပြီး ရိုးရိုးရှင်းရှင်း အစီရင်ခံစာများဖြင့် အောက်ပါအတိုင်း စီမံခန့်ခွဲပါလိမ့်မယ်။
• နေ့စဉ် လက်ဝယ်ကိုင်ဆောင်ထားသော ငွေသား အစီရင်ခံစာ
• အပတ်စဉ် ငွေအဝင်၊ အထွက်များကို ပြန်လည်သုံးသပ်သည့် အစီရင်ခံစာ
• သိသာထင်ရှားသော တန်ဖိုးငွေ ပေးချေမှုများအတွက် တစ်ဦးချင်းခွင့်ပြုချက် – ဤကိစ္စတွင် အနှိမ့်ဆုံး ပမာဏကို သတ်မှတ်သင့်ပါတယ်
• အပတ်စဉ် ပြန်လည်သုံးသပ်ခြင်းအပေါ် အခြေခံ၍ လစဉ်ပြန်လည်သုံးသပ်ခြင်း အစီရင်ခံစာ
• ကုန်သွယ်ရေးအခြေအနေအပေါ် မူတည်၍ ပြန်လည်ပြင်ဆင်ချက်များနှင့်အတူ အမှန်တကယ်စွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်း အစီရင်ခံစာ
ဤအချက်အလက်များကို ကုမ္ပဏီမှ ဝန်ထမ်းများဆီသို့ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခြင်းသည် ငွေကြေးစီမံခန့်ခွဲမှု၏ အရေးကြီးပုံနှင့် အစီအစဉ်ကို သေချာစွာ ကတိကဝတ်ပြု လုပ်ဆောင်ခြင်း ဖြစ်ကြောင်းကို ပြသပါတယ်။
၅။ လက်ဝယ် အနည်းဆုံး ငွေသားကိုင်ဆောင်ထားမှုအတွက် အစီအစဉ်ချထားခြင်း
အားနည်းချက်များကို ဖော်ထုတ်သောအခါ ၎င်းအားနည်းချက်များကို ဖုံးကွယ်ထားတတ်သောကြောင့် တိကျသော အစီအစဉ်များ ချမှတ်ပြီး ဖော်ထုတ်ရပါမယ်။ ဝယ်ယူသူများထံမှ ငွေကို စောစောစီးစီးရရှိခြင်းနှင့် ငွေပေးချေမှုနှေးကွေးခြင်း စသည့် လုပ်ငန်း ဆောင်ရွက်မှုများကို အသေးစိတ်အဆင့်တွင် ကြိုတင်စီစဉ်ထားသင့်ပါတယ်။ မိမိတို့နောက်တွင် ရှိနေသော အားနည်းချက်များနှင့် အလေအလွင့် ယိုယွင်းချက်များကို ကာကွယ်ရန်အတွက် ငွေကြေးလိုအပ်ပါတယ်။ လက်ရှိ မိမိတို့တွင်ရှိနေပြီးသား အစီအစဉ်များ အတိုင်းလုပ်ငန်းကိုအကဲဖြတ်ပြီး လုပ်ငန်းရဲ့ လက်ရှိအနေအထားကို အစီအစဉ် မရေးဆွဲမှီ အတည်ပြုဖို့ လိုအပ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အသစ်များလိုအပ်ပါက စီးပွားရေးလုပ်ငန်းကို အချိန်နှောင့်နှေးပြီး ဖိအားပေးမှုများမဖြစ်စေရန်အတွက် ငွေချေးသူများ ရှေ့မှောက်သို့ မိမိလုပ်ငန်းနှင့် ပတ်သက်သည့် အဆိုပြုလွှာကို စောစောတင်ပြရပါမယ်။ ဖြစ်နိုင်ချေရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ခု အနေဖြင့် အသေးစားစီးပွားရေးလုပ်ငန်းများ ရရှိနိုင်သည့် အစိုးရကျောထောက်နောက်ခံပြုထားသော ချေးငွေအစီအစဉ်များကို သေချာလေ့လာသင့်ပါတယ်။ ယခုကဲ့သို့ လုပ်ဆောင်ချက်များသည် လုပ်ငန်းများ ငွေကြေးအခက်အခဲ ကြုံတွေ့ချိန်မှာ မည်သူမဆို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အကြောင်းရင်း မည်သို့ပင်ရှိစေကာမူ ငွေကို အဓိကအာရုံစိုက်ပြီး လုပ်ဆောင်နေရတဲ့ အချိန်မှာ ယခုလုပ်ဆောင်ချက်များသည် ပြုလုပ်သောအဆင့်များဖြစ်ပါတယ်။ ယခုအချိန်ဟာ ငွေဖြစ်လွယ်မှုက လုပ်ငန်း၏ အဓိက မောင်းနှင်သူ ဖြစ်တယ်ဆိုတာကို တွေးတောထားရမည့် အချိန်ဖြစ်တဲ့အပြင် အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းတွင် အစီအစဉ်တကျ ရှိနေခြင်းသည် ချက်ချင်းထိရောက်သော လုပ်ဆောင်ချက်များ လုပ်ဆောင်ရန်အတွက် အခြေခံဖြစ်ပါတယ်။